Published 4 April 2024

 နေပြည်တော်လေဆိပ်၏အရှေ့ဘက်မှ ယနေ့ ဧပြီလ၄ ရက် နံနက် ၁၀နာရီခွဲအချိန်က
ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို အောင်မြင်စွာပစ်ချဖျက်ဆီးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ကြောင်းသိရသည်။

၎င်းဖြစ်စဉ်များ၌ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group