4 April 2024

ရန်ကုန်ကန်တော်ကြီးထဲရှိကျောက်တောင်ပုံUTOPIA Towerကို မူလလက်ရာမပျက်ပြုပြင်နေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှသိရသည်။

အဆိုပါ UTOPIA Tower သည် အထပ်ပေါင်း ၆ ထပ်ရှိပြီး အမြင့် ၉၆ ပေ ရှိကာUTOPIA Tower အဆောက်အဦအား စည်ပင် သာယာရေးကော်မတီအင်ဂျင်နီ ယာဌာန(အဆောက်အအုံ)မှ ပြန်လည်ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။

UTOPIA Tower ပြုပြင်မွမ်းမံမှုကို ရန်ကုန်တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီး၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များကြည့်ရူ စစ်ဆေးခဲ့ပြီး မြို့တော်ဝန်က အဆောက်အဦအားမူလလက်ရာမပျက်သတ်မှတ်စံချိန်စံညွှန်းနှင့်အညီပြုပြင် ဆောင် ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းအပြင်မြို့တော်ဝန်နှင့်အဖွဲ့သည်  ဗဟန်းမြို့နယ်၊နတ်မောက်လမ်းရှိ ကန်တော်ကြီးသဘာဝဥယျာဉ်သို့သွားရောက်၍ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကန်တော်ကြီးရေပြင် သန့်ရှင်းရေးအတွက် ရေမှော်များ၊ဒိုက်များ၊ကြာများနှင့်အမှိုက်များအား AQUAMARINE-2 စက်ဖြင့် ဆယ်ယူရှင်း လင်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဆယ်ယူရှင်းလင်းသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်ရန် နှင့်ကန်တော်ကြီးရေပြင်ကြည်လင်သန့်ရှင်းရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ ကြောင်း၊

ကန်တော်ကြီးသဘာဝဥယျာဥ်ရှိ နံနက်ခင်းကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်သည့် ဘဲဥပုံသဏ္ဌန်တံတားသို့သွားရောက်၍ အင်ဂျင်နီ ယာဌာန(လမ်းနှင့် တံတား)မှ ဆွေးမြေ့နေသည့်တံတားကြမ်းခင်းများပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Yangon_Times/tthl
#Published 04 April 2024
#Yangon_Media_Group
#YMG_News #Yangon_Times