#Local_News
Published 30 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးအထက်ကျေးရွာ အမှတ်၂လမ်း၊ ထက်ဧကရီဆီဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

မတ်လ ၂၉ရက် ည ၁၁ နာရီ ၅၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်အတွင်း အမျိုးသားတစ်ဦး ညှပ်နေသောကြောင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် Medical လူမှုကူညီရေးအသင်းတို့ သွားရောက်ကူညီခဲ့ကြပြီး သေဆုံးသူရုပ်အလောင်းကို ဒါးပိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ယာဉ်တိုက်မှုဖြစ် #အမျိုးသားတစ်ဦး ေ-သဆုံး #YMG/LW #Yangon_Times