#LocalNews

Published - 1 Dec 2021

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ silage corn တင်ပို့သူလုပ်ငန်းရှင်များ တရုတ်နိုင်ငံတွင် မှတ်ပုံတင်မှုပြီးစီးခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံဘက်ကနေမှ တရုတ်နိုင်ငံသို့ silage corn စက်များ မကြာခင်ကာလမှာ တင်ပို့နိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံသို့ silage corn တင်ပို့မည့် မြန်မာလုပ်ငန်းရှင် ၆ ဦးသည် ပြီးခဲ့သည့်လ နိုဝင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်မှု ပြီးစီးခဲ့ရာ မြန်မာ့ silage corn များ တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်တော့မည်ဟု သဘောဆောင်နေ ကြောင်း တရုတ်သံရုံးက ဆိုပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်နိုင်ငံ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရဌာနများကို တက်ကြွစွာညှိနှိင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

silage corn ဆိုသည်မှာ ပြောင်းဖူးများကို နုပ်နုပ်လှီးဖြတ်ခြင်း၊ ပြုပြင်ခြင်း၊ အချဉ်ဖောက်ခြင်းဖြင့် တိရစ္ဆာန်အစာအဖြစ်ပြုလုပ်ထားသော ပြောင်းဖူးဖြစ်ကာ တိရစ္ဆာန်အစာကျွေးရန်အတွက် အသုံးပြုသော စက်များဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ silage corn တင်ပို့ခြင်းဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တိုးမြင့်လာစေရုံသာမက မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေရရှိမှု တိုးပွားလာစေကာ မြန်မာ့တောင်သူလယ်သမားများအတွက် အလုပ်အကိုင်အများအပြား ဖန်တီးပေးပြီး တောင်သူလယ်သမားများ ဝင်ငွေတိုးလာစေ၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့လည်း တရုတ်သံရုံး၏ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

#Yangon_Media_Group