#Local_News
Published 28 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၈ / ၁၉ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မတ်လ (၂၈) ရက် နံနက် (၆)နာရီ (၅၅)မိနစ်အချိန်က အဆိုပါ နေရာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရLevel 1 ယာဉ်အုပ်စုများဖြင့် မီးသတ်တပ်ဖွဲ့ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ (၇)မိနစ် အချိန်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်သည့်ဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးက သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


#Local_News #ကနောင်မင်းသားကြီးလမ်း #မီးလောင်မှုဖြစ်ပွား #YGM/LW #Yangon_Times