Published 25 March 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နှင့် ၃၂လမ်းကြားရှိ KBZဘဏ် တွင် မတ်လ ၂၅ရက် မနက် ၁၁နာရီကျော်အချိန် တွင် ဓါးပြတိုက်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သိုင်းအဝိုင်းထံမှ သိရသည်။

အမည်မသိ အမျိုးသား(၃)ဦးက CZI အမျိုးအစား ဆိုင်ကယ်(၂)စီးနှင့် ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများ ကို သေနတ်ပြ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှာရှိသည့် ငွေများယူဆောင်သွားကြောင်း သိရသည်။

အဆိုပါဓါးပြတိုက်မှုကျူးလွန်သူများသည် ဘဏ်အတွင်းရှိ ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၂၀၀၀ကျော် ယူဆောင်သွားကြောင်း သိရသည်။

ဘဏ်ဓါးပြတိုက်ဖြစ်စဉ်ဖြစ်ပွားပြီး‌နောက် သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းမှုများပြုလုပ်နေပြီး အသေးစိတ် အချက်အလက်သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group