Published_ 25 March 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ  မြန်မာငွေကျပ်သန်းပေါင်း ၈,၀၃၆ ကျော်နှင့် ကန် ဒေါ်လာ ၉သန်း ကျော်ပမမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုအတည်ပြု‌ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှသိရသည် ။

မတ်လ ၂၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပပြုလုပ်သည့်  ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေး၌  အတည်ပြုပေးလိုက်ခြင်း ဖြစ်သည် ။

အဆိုကဏ္ဍများမှာဟိုတယ်ဝန်ဆောင်မှုကဏ္ဍ၌ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့်  စက်မှုကဏ္ဍ၌  ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည်  မြန်မာငွေကျပ် ၈,၀၃၆ ဒသမ ၆၅၉ သန်းနှင့်  အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၄၆ သန်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group