Published 24 March 2024

လှည်းကူးမြို့နယ် ၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4အနီး တွင် ထိခိုက်ပြတ်ရှ ဒဏ်ရာများဖြငိ့ ​ေ-သဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရုပ်အလောင်း တွေ့ရှိ ခဲ့ရကြောင်း ပရဟတိအသင်းထံမှသိရသည်။

မတ်လ ၂၃ရက် မနက်၉နာရီ၃၀ မိနစ် ခန့် က တွေ့ရှိ ခဲ့ ခြင်း ဖြစ်ကာ အမျိုးသားမှာ (အသက် - ၃၆ နှစ်)ခန့်နှင့်အမျိုးသမီးမှာ( အသက် - ၂၇ နှစ်)ခန့် ရှိကြောင်းသိရသည်။

ယင်း​ေ-သဆုံး နေသည့် အမျိုးသမီး တွင် ထိုးသွင်းဒဏ်ရာတချက်၊အမျိုးသား တွင် ပြတ်ရှဒဏ်ရာ နှစ်ခုနှင့် ထိုးသွင်းဒဏ်ရာတချက်ကနဦး တွေ့ရ ကြောင်း သွားရောက်ကူညီပေးသည့် ပရဟိအသင်းထံကသိရသည်။

အဆိုပါ ရုပ်အ​ေ-လာင်း များကိုလှည်းကူးမြို့နယ်ဆေးရုံ မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး မိုင်တိုင် 0/4အနီး ​ေ-သဆုံး နေ သည့် အမျိုးသား အမျိုးသမီး ၏ရုပ်အ​ေ-လာင်း နှင့်ပက်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 24 March 2024
#YMG_News #Yangon_Times #Yangon_Media_Group