Published_ 22 March 2024

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ရန်ကုန်တက္ကသိုလ်မှ'ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း'အတွက်ဘွဲ့လွန်ဒီပလိုမာသင်တန်းသား၆၀ဦးခန့်ခေါ်ယူမည်ဖြစ်ရာ သင်တန်းဝင်ခွင့်လျှောက်လွှာများအားယခုလအတွင်း ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ၊ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်းအား ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအောင်လက်မှတ်အမျိုးအစားမှာ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူသည် ‌တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းကာလမှာ ၉လ + Project Paper ဖြစ် ကာသင်တန်းသားဦးရေ ၆၀ခန့်အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှောက်လွှာများအား မတ်လ၂၅ရက်နေ့မှစတင်ခေါ်ယူသွားမည်ဖြစ်ပြီး သင်တန်းကို မတ်လ၂၈ရက်၌စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

တက်ရောက်လိုသူများအနေဖြင့် အခန်း(M-106) ၊ ဘူမိဗေဒဌာန၊ မန္တလေးဆောင်၊ ရန်ကုန်တက္ကသိုလ်သို့ ဆက်သွယ်နိုင်ပြီး အသေးစိတ်အချက်အလက်များကို ၊ဘူမိဗေဒဌာန၊(မန္တလေးဆောင်) ဖုန်း- ၀၉-၇၇၇၆၈၉၂၁၅၊၀၉-၄၂၀၁၆၂၆၅၁၊M-106 ရန်ကုန်တက္ကသိုလ်တွင် စုံစမ်းနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group