Published 21 March 2024

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။

မတ်လ ၂၁ရက် မနက် ၄နာရီ ၄၅မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၁၀ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group