Published_ 21 March 2024

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်အတွင်း ယနေ့ မတ်လ ၂၀ ရက် တွင် ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်း ထဲသို့ Honda Fit ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ ၂ ဦးသေ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သိရသည်။

မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် အဆိုပါ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်အနက်ရှိ မိုင်းဟန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် ကျား(၂)ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား ကြက်ခြေနီအသင်းမှယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Yangon Times/PP
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group