#Local_News
Published 17 March 2024


ရန်ကုန်မြို့ရှိမြို့နယ်အချို့တွင်မတ်လ(၁၇)ရက်ညနေပိုင်းအချိန်၌  အချိန်အခါမဟုတ်မိုးများရွာ သွန်းပြီးနေပူမိုးရွာဖြစ်ခဲ့ကြောင်းသိရသည်။

 

တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်၊လှိုင်သာယာမြို့နယ်အစရှိသည့်မြို့နယ်တို့တွင် မိုးထစ်ချုန်းရွာခဲ့သည်။

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေ့လည်(၂)နာရီကတည်းက အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်ထုတ်ပြန်ခဲ့သည်။

 

ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ၂၀-၃-၂၀၂၄ ရက်နေ့မှ  ၂၄-၃-၂၀၂၄ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊

 

အကြံပြုချက်အနေဖြင့်ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။

 

#Local_News #ရန်ကုန်တွင်အချိန်အခါမဟုတ်မိုးရွာ #tthl #Yangon_Times