#Lcoal_News
Published 14 March 2024


မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံသွားလမ်းမ ရွှေနတ်တောင်ဘုရားလမ်း၀ကျော်၊ ထောက်ပို့တပ်ရှေ့အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းများထံမှ သိရသည်။

 

မတ်လ ၁၄ရက် နေ့ခင်း၁၁နာရီခန့်က အမျိုးသမီးတစ်ဦးမောင်းလာသည့် ဟိုင်းဂျက်ယာဉ်မှ ရှေ့ကမောင်းနှင်နေသည့် ကုန်တင်ယာဥ်ကကို နောက်က၀င်တိုက်မိခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ် တိုက်မှု ကြောင့် ဟိုက်ဂျက်ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းတွင် ညှပ်နေသဖြင့်ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်ခဲ့ရာ အမျိုးသမီးမှာပေါင်တွင် ထိုးဖောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူကို ရွှေနတ်တောင် Rescue ကားဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Lcoal_News #ယာဉ်တိုက်မှုဖြစ် #ယာဉ်မောင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times