#Local_News
Publicshed 14 March 2024

ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

 

အဆိုပါရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံး၌ကောက်ယူမည်ဖြစ်ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအနက် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

 

အဆိုပါထုတ်ပြန်မည့်ရှေ့ပြေးလူဦးရေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ ကျား/မ လူဦးရေ၊ မြို့ပြ/ ကျေးလက်လူဦးရေနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေများ ပါဝင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူဦးရေ ဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းများ၊ ပညာရေး အခြေအနေများ၊ နိုင်ငံတွင်းရှိ လုပ်သားအင်အား၊ မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်း၊ မသန်စွမ်းမှု အကြောင်းအရာများ၊ နေအိမ်ပိုင်ဆိုင်မှုအကြောင်းအရာများ စတဲ့အချက်အလက်များ ပါဝင်မည်ဖြစ်ကာ ၎င်းအနက်မှ လာမည့်ဒီဇင်ဘာလတွင် လူဦးရေစာရင်းကိုသာ ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်အကြောင်းအရာများကိုမူလာမည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များအတွင်းမှာ အပိုင်းလိုက်ထုတ်ပြန်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် များ၌  ကောက်ယူ ခဲ့ပြီးနောက်  အကြောင်းအမျိုးမျိုးကြောင့် နောင်နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ ပြန်လည်ကောက်ယူ နိုင်ခဲ့ရာမှ နောက်ထပ် ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ရှေ့ပြေးလူဦးရေစာရင်း #ဒီဇင်ဘာလအတွင်းမှာထုတ်ပြန် #YMG/NN #Yangon_Times