#LocalNews

Published - 30 Nov 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝင်းသိန်းမှာ ယနေ့နံနက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပါတီကနေသိရပါတယ်။

 

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဝင်းသိန်းမှာ ယနေ့ နံနက်ပိုင်းက ရဲစခန်းအနီး လက်ဖက်ရည်ဆိုင်ထိုင်ကာ ပြန်အထွက်တွင် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက Yangon Times ကိုပြောပါတယ်။

 

"ပင်လည်ဘူး မဲဆန္ဒနယ်ပထမအကြိမ်-ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၊ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းသိန်း ဆိုတာဟုတ်ပါတယ်။ မနက်က လက်ဖက်ရည် သောက်ပြီး ဆိုင်အထွက်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်"လို့ အထက်ပါပုဂ္ဂိုလ်က အတည်ပြုပြောဆိုပါတယ်။

 

ဦးဝင်းသိန်းသည် ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိအချိန်မှာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

#Yangon_Media_Group