#Local_News
Published 12 March 2024

တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများဖြစ်သည့် ၁၆ ကြိမ်မြောက်EPS-Topik ဖြေဆိုမည့်သူများအတွက် စာမေးပွဲလက်ခံကြေးများကိုယခုလအတွင်းစတင်လက်ခံ သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

 

Online Application လျှောက်ထားပြီး Payment No. ရရှိသူဖြစ်ရမည်ဖြစ်ပြီး မတ်လ၁၉ရက်မှ ဧပြီလ၅ရက်နေ့အတွင်းစာမေးပွဲမှတ်ပုံ‌တင်ကြေးလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်သွင်းရမည့်စာရွက်စာတမ်းများမှာ အမျိုးသား ၊အမျိုးသမီး နှစ်ဦးလုံးမှာ ပတ်စပို့မိတ္တူ၊ Payment No.စာရွက် ၊တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်၊ တက္ကသိုလ်တစ်ခုခုမှရရှိသည့်ဘွဲ့လက်မှတ်သို့မဟုတ် ဒီပလိုမာလက်မှတ် များလိုအပ်ကြောင်း သိရသည်။

 

မတ်လ ၁၉ ရက်၌ ဝန်ဆောင်မှုလုပ်ငန်း၊၂၀ရက်၌ ကုန်ထုတ်၊စိုက်/မွေး၊ ဆောက်လုပ်ရေးနှင်ဧပြီ၅ရက်အထိ ၊Payment No.အလိုက် ပေးသွင်းရမည့် နေ့ရက်အားထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

 

Payment No.ရရှိပြီးဖြေဆိုရန်ဆန္ဒရှိသူများအနေဖြင့် စာမေးပွဲမှတ်ပုံတင်ကြေး USD28သို့မဟုတ် ညီမျှသည့်မြန်မာကျပ်ငွေ ပေးသွင်းရနည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူသည် ဆေးစစ်ဆေးပြီးဆေးအောင်မြင်မှသာ အလုပ်လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး အလုပ်လျှောက်လွှာတင်သွင်းသူတိုင်းအလုပ်ရရှိရန်အာမမခံကြောင်း သိရသည်။

 

#Local_News #EPS-Topikဖြေဆိုမည့်သူများ #YMG/ NN #Yangon_Times