Published_11 March 2024

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးသို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်လာ သောငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅ဝ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

မတ်လ ၆ ရက်ကမန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေး အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၅၀ နှင့် သယ်ဆောင်လာသူများ ဖြစ်သော ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ) ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေး နှင့် မယမင်းသူ(ခ) မင်းမင်း တို့ ၆ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်းဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းအပြင်သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသည့် စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်း တို့အား မတ်လ ၇ ရက် က မတ္တရာမြို့နယ်၊ ဆည်တော်ကျေး ရွာတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ ကြောင်း၊ယခုအခါ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group