Published_ 11 March 2024

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အထက(၂) စာစစ်ဌာနမှ ဖြေဆိုခွင့်ကတ်ကျန်ခဲ့သူ ကျောင်းသူ(၁) ဦး အား အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ နေအိမ်သို့ ကူညီ၍ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ‌ဖြေဆိုခွင့်ကတ်ပြန်ယူကာကျောင်းသို့ ပြန်လည်ပို့ဆောင်ဖြေဆိုစေခဲ့ကြောင်း ‌သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြောင်းကို အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့) East Shan State Traffic Police  Facebook page၌‌ ဖော်ပြထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက် နံနက် (၉) နာရီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကျင်းပနေပြီဖြစ်ပြီး  တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက်မှ စတင်ကာ မတ်လ (၁၉) ရက်အထိ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group