#LocalNews

Published - 30 Nov 2021

နစက က ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုပေါင်း ၁၁ မှုထဲက တချို့အမှုတွေကို ယနေ့မှာအမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ၆ရက်နေ့ကို ပြောင်းလဲချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)၊ဆက်သွယ်ရေးဥပဒေပုဒ်မ၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မတို့ကို ဒီကနေ့မှာ အမိန့်ချမှတ်သွားမှာလို့ ရှေ့နေတွေကထုတ်ဖော်ပြောဆိုထားပြီး ယခုအခါ အမိန့်ချမယ့်ရက်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဦးဝင်းမြင့်ကိုတော့ စွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ တို့အတွက်လည်း အပြီးသတ်အမိန့်ချမှတ်သွားဖို့ရှိနေပြီး ရက်ရွေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။

#Yangon_Media_Group