Published 9 March 2024

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းမီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။

မတ်လ ၉ရက် မနက် ၁၁နာရီအချိန် ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ပရဟိတအသင်းယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီမိနစ် ၂၀ အချိန် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group