Published_ 8 March 2024

  ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း မန္တလေးတိုင်းဒေသကြီး၌  ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၆၀၀ နီးပါးကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည် ။

အဆိုပါကဲ့သို့  လုပ်ကိုင်ခွင့်ပြုရာတွင် ဟိုတယ် ၄၄၉ လုံး၊ အခန်းပေါင်း ၁၉,၈၉၆ ခန်း၊ တည်းခိုရိပ်သာပေါင်း ၁၃၈ လုံး၊ အခန်းပေါင်း ၂၆၃၅ ခန်းရှိပြီး စုစုပေါင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ ၅၈၇ လုံးနှင့် အခန်းပေါင်း ၂၂,၅၃၁ ခန်း အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည် ။

ထိုကဲ့သို့  ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားလိုသည့်  လုပ်ငန်းရှင်များသည်   သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ မီးသတ်ဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏ ထောက်ခံချက် များတင်ပြ၍ လျှောက်ထားနိုင်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နှစ်စဉ် ဝင်ရောက်လျက်ရှိပြီး ၎င်းတို့ တည်းခိုနားနေရန်အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများကို တရားဝင်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေး ခြင်း ဖြစ်ပြီး လိုင်စင်လျှောက်ထားသူများအနေဖြင့်  အချက်အလက်များ ပြည့်စုံမှသာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီသို့  တင်ပြ၍  ကော်မတီခွင့်ပြုချက်ဖြင့်  ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group