#Lcoal_News
Published 4 March 2024


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံ ပရဟိတ အသင်းထံက သိရသည်။

 

မတ်လ ၄ရက် ညနေ ၃နာရီ ၅၈ မိနစ် ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅မိနစ် ခန့် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင် အတွင်း အိမ်စီး ကားအပါအဝင် အခြား ပျက်စီးဆုံးရှုံးမှု အချို့ရှိခဲ့ပြီး မီးလောင်ကျွမ်းသည့် ဖြစ်စဉ်နှင့်ဆုံးရှုံးသည့်တန်ဖိုး ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Lcoal_News #မန္တလေး ချမ်းမြေ့သာစည် #စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times