#Local_News
Published 3 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ သခင်ဗဟိန်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။

 

မတ်လ ၃ ရက် နံနက် ၈နာရီ ၂၄ မိနစ်အချိန် ခန့်က လောင်ကျွမ်းခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ငြှိမ်းသတ်ခဲ့သဖြင့် ၈နာရီ ၃၅မိနစ် တွင် မီးထိန်း နိုင်ခဲ့ပြီး ၈နာရီ ၃၆ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်သည့်အကြောင်းအရာနှင့်ဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times