#Local_News
Published-1 March 2024

၁၁နီးပါးကာလအတွင်း ပြည်ပသို့ကန်ဒေါ်လာသန်း‌ပေါင်း ၁၂၀၀ကျော် တန်ဖိုးရှိသည့်ပဲမျိုးစုံ တန်ချိန် ၁၃ သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့တင်ပို့ ရာတွင်(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ဧပြီ ၁ရက်  မှ ဖေဖော်ဝါရီ ၂၃ရက်နေ့ အထိ)ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ(၁၀၉၂.၀၈၈)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန်  (၁၂၉၀၅၀၆.၅၁၂)နှင့်  နယ်စပ်မှအမေရိကန်ဒေါ်လာ (၁၂၂.၈၇၀) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် (၁၄၁၆၁၉.၄၆၉) တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၂၁၄.၉၅၈) သန်းတန်ဖိုးရှိသည့် (၁၄၃၂၁၂၅.၉၈၁) တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

 

လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း တန်ဖိုးရှိသည့်ပဲမျိုးစုံ (၁၆၄၀၇၇၇) တန်၊  နယ်စပ်မှ အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ (၂၇၈၃၇၉) တန်၊  စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ(၁၉၁၉၁၅၆) တန်၊  တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #၁၁နီးပါးကာလ #ကန်ဒေါ်လာသန်း‌ပေါင်း၁၂၀၀ကျော် #၁၃သိန်းနီးပါးတင်ပို့ #YMG/NN #Yangon-Times