#Local_News
Published 29 February 2024

နှစ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက်ယခုလက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းအချို့ သည်ထွက်ရှိမှုလျော့နည်းကျဆင်းလာနေပြီ ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

 

ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၈) ရက်တွင်ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် ပြည်ထောင်စုဝန်ကြီးက "ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၏ သဘော သဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှု လည်းကြီးမားကြောင်း၊ ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု (Risk)ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊

 

ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ကာ ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဖက်သဘောတူစာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော် အတွက်ဆုံးရှုံးနစ်နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ချုပ်ဆိုနိုင်ရန် အရေးကြီးကြောင်း၊

 

နိုင်ငံတော်၏ စွမ်းအင်အရင်းအမြစ်များသည် ကန့်သတ်ချက် ရှိသည့် Limited Resource များဖြစ်၍ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများဖြစ်သည့် အားလျော်စွာ သတိကြီးစွာထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း  ထည့်သွင်း ပြောကြားခဲ့သည်။

 

ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအချို့ သည်ထွက်ရှိမှုလျော့နည်းကျဆင်းလာနေပြီဖြစ်၍ လက်ရှိ စီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးရေး၊ စီမံကိန်း အသစ်များ ထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် "ပြောကြားခဲ့‌ကြောင်း သိရသည်။

 

#Local_News #သဘာဝဓာတ်ငွေ့စီမံကိန်းအချို့ #ရင်းနှီးမြုပ်နှံစေမည် #tthl #Yangon_Times