#Local_News
Published 27 February 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုလအတွင်း လုပ်သား ၁၀၀ ဝန်းကျင်ခန့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု(၄) ခုကို ခွင့်ပြုပေးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှသိရသည်။

 

အဆိုပါ လုပ်ငန်းများကို ဖေဖော်ဝါရီလ တတိယအပတ်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၄)မှ  ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများသည်  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် ဖက်စပ်နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁) ခု ဖြစ်ကြောင်း သိရသည်။

 

လုပ်ငန်းသစ် (၄) ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ  ငွေကျပ်( ၉၁၅၁ ဒသမ ၈)သန်းနှင့် အမေရိကန်ဒေါ်လာ (၀ ဒသမ ၇၁၄)သန်း တို့ဖြစ်ပြီး၊ လုပ်ငန်းများအနေဖြင့်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်းပြည့် ပြည်တွင်း၌  ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းနှင့် ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ရောင်းချသည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ 

 

#လုပ်သား၁၀၀ဝန်းကျင် #ရင်းနှီးမြှုပ်နှံမှု ၄ ခု #YMG/ NN #Yangon-Times