Published 25 February 2024

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့်လောင်းလုံးမြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း 
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် ဖေဖော်ဝါရီလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များအဖြစ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထားဝယ်တွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၈ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီလ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၈.၃ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၇၈)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

လောင်းလုံးတွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီ လ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၇.၈ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၄၁)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်ပါဝင်ပြီးယခုနှစ်တွင်  အယ်နီညိုသက်ရောက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group