Published 25 February 2024

 

(၉၂)ကြိမ်မြောက် မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲများကို(၄)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း မော်လမြိုင်မြို့ရှိလူမှုကူညီ‌ရေးအဖွဲ့များထံမှသိရသည်။

လှည့်လည်ပူဇော်ခံပွဲကို မော်လမြိုင်မြို့တွင်း၌
ပထမရက်‌ ဖေ‌ဖော်ဝါရီလ၂၁ရက်‌တွင်ကျောက် တန်းရပ်ကွက်မှ မုပွန်၊သီရိမြိုင်၊မောင်ငံ၊အောက် လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ လည်းကောင်း၊

ဒုတိယရက်ဖေ‌ဖော်ဝါရီလ၂၂ရက်‌တွင် ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက် လမ်းအတိုင်းတက္ကသိုလ်လမ်းမကြီးအတိုင်း စျေးကြိုအဝိုင်းအထိ လည်းကောင်း၊

တတိယရက်ဖေ‌ဖော်ဝါရီလ၂၃ရက်တွင် ဇေယျာသီရီရပ်ကွက် လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိ လည်းကောင်း၊ 

စတုတ္ထရက်ဖေ‌ဖော်ဝါရီလ၂၄ရက်‌တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လည်း ကောင်းလှည့်လည် အပူဇော်ခံခဲ့သည်။

ဖေဖော်ဝါရီလ(၂၄)ရက်တွင် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူဘုရားရှင်များဒေသစာရီကြွချီလာစဉ်နောက်ဆုံးနေ့၌ဥပ္ပဿကာများအားဆုချီးမြှင့်ခြင်းအခမ်းအနားကို‌ကျင်းပခဲ့ပြီး 

၁။ပထမဆု- ဘုရားအမှတ်(၄)ညောင်လေးပင်ရပ်
၂။ဒုတိယဆု- ဘုရားအမှတ်(၁)ပန်းပဲတန်အပေါ်
၃။တတိယဆု-ဘုရားအမှတ်(၂၆)မုပွန်ရပ်
၄။စတုတ္ထဆု-ဘုရားအမှတ်(၂၂)‌အောင်ချမ်းသာရပ်
၅။ပဉွမဆု-ဘုရားအမှတ်(၇ )သီရိမြိုင်ရပ်
၆။အထူးဆု-ဘုရားအမှတ်(၅)သင်္ဘောလဲရပ်
၇။အထူးဆု-ဘုရားအမှတ်(၈)ကုန်းတန်းရပ်
၈။အထူးဆု-ဘုရားအမှတ်(၁၃)အုန်းတောရပ်
၉။အထူးဆု-ဘုရားအမှတ်(၁၄)ပန်းပဲတန်းရပ်
၁၀။အထူးဆု-ဘုရားအမှတ်(၁၉)နတ်မှော်တန်းရပ်
တို့အားဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှ စတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြောင်း သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group