22 February 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေ‌ဖော်ဝါရီလ ၂၂ရက်၊နံနက် (၁၁:၄၀) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းYESC မှ  သိရသည်။

ယင်းကဲ့သို့ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါ ကြောင်းနှင့် ဓာတ်အားပြန်လည် ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တာမွေမြို့နယ် YESCမှလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၂၂.၂.၂၀၂၄)ရက်နေ့  (၁၁:၄၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံး ဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

သင်္ဃန်းကျွန်းမြို့နယ်  YESCမှလည်း22-2-24 (11:40)SYSTEMချို့ယွင်းမှု​ ဖြစ်၍သင်္ဃန်းမြို့နယ်အတွင်းရှိခွဲရုံများအားလုံး ယာယီဓာတ်အားပြတ်တောက်နေကြောင်း အသိပေးထားပြီး မြို့နယ်အသီးသီးတွင် လျှပ်စစ်ဓာတ်အားများယာယီပြတ်တောက်နေကြောင်းနှင့်အချိန်မီ ပြုပြင်သွားမည်ဖြစ်ကြောင်း  YESC၏ထုတ်ပြန်ချက်အရ သိရသည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group