#Local_News
Published_ 19 February 2024

ယခုအပတ်တွင် စားအုန်းဆီဈေး အတက်အကျမရှိဘဲ ဈေးနှုန်းတန့်နေပြီး တစ်ပိဿာကျပ် ၅၁၄၀ ပဲ သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့တဲ့အပတ်က  ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်ခဲ့ပြီး ယခုအပတ်၌လည်း စားအုန်းဆီတစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

 

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

 

#Local_News #စားအုန်းဆီဈေး #ကျပ်၅၁၄၀ပဲသတ်မှတ် #tthl #Yangon_Times