Published_15 Feb 2024

ဒစ်ဂျစ် တယ်စနစ်တစ်ခုဖြစ်သည့် Direct To Home (DTH) စနစ် ဖြင့် ရုပ်သံလိုင်း ၇ လိုင်းသာ ထုတ်လွှင့်နေ ရာမှ ယခုအခါ ရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဖေ ဖော် ဝါရီလ ၁၅ ရက်တွင် ကျင်းပသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် က ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများ၌ "Analogue Switch Off-ASO" ဟု ခေါ်သည့် Analogue စနစ်ဖြင့် ထုတ်လွှင့်မှုရပ်ဆိုင်းရန် သဘောတူညီထားကြသည့် အစီအစဉ်ထဲမှ Pilot Project တစ်ခုဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီး ၃ မြို့အတွက် ထုတ်လွှင့် နေသည့် ထပ်ဆင့်လွှင့်စက်ရုံ ၃ ရုံ အနေဖြင့် Analogue စနစ် ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်း နိုင်ရန် ကြေညာ၍ အဆိုပါမြို့ကြီး ၃ မြို့တွင် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Digital Video Broadcasting - Second Generation Terrestrial (DVB-T2) 9 လွှင့်နေသည့်ရုပ်သံ ၁၈ လိုင်းထဲတွင် High Definition (HD) Quality နှင့် ရုပ်သံလိုင်း ၂ လိုင်း သာ ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁) လိုင်းအထိ အဆင့် မြှင့် တင်ပြီး တိုးချဲ့ထုတ် လွှင့်နိုင်ရန်လုပ်ဆောင်နေကြောင်း သိရသည်။

MRTV အနေဖြင့် တိုင်းရင်းသား ဘာသာ စကား(၁၈)မျိုး အပါအဝင်စုစုပေါင်း ဘာသာစကား (၂၀) မျိုးနှင့် ထုတ် လွှင့်နိုင်သည် မှာလည်း နိုင်ငံတကာအလယ်တွင် ထူးခြားထင်ရှားပြီး ပြည်ထောင်စုဖွား တိုင်းရင်း သားအားလုံး ကို အလေးထားဝန်ဆောင်မှုပေးနေကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏အစ “ရန်ကုန်ရေဒီယို (Rangoon Radio)” က ဟု ခေါ်တွင်ခဲ့ရာမှ အမည် စတင် ပြင်ဆင်ခဲ့သည့် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်ကို မူတည်သတ်မှတ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon Times/PP
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group