Published _15 February 2024
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ၁၀လတာအတွင်းပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာသန်း၆၀၀ခန့်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုသို့တင်ပို့ရာတွင် ၂၀၂၃ခုနှစ် ဧပြီ၁ရက်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီ၃၁ရက်အထိ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်
တန်ချိန် (၄၀၂၀၀၀)ကျော်တင်ပို့ခဲ့ရာ အမေရိကန် ဒေါ်လာ(၅၈၇)သန်းကျော် ရရှိထားကြောင်း သိရသည်။

ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို   ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ  ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်ကာ နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group