#Local_News
Published 14 February 2024


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်တွင် ယာဉ်(၂)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

 ဖေဖေါ်ဝါရီ ၁၄ ရက် နံနက် ၅နာရီခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှော်ကားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး  တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၁၁မိနစ် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရူံးမှုတန်ဖိုးများကို သက်ဆိုင်ရာကဘစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #ယာဉ်၂စီးမီးလောင်မှုဖြစ် #YMG/LW #Yangon_Times