#Local_News
Published 13 February 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးမှ သိရသည်။

 

အဆိုပါ ယာဉ်မတော်တဆမှုများ‌ကြောင့်  သေဆုံးသူ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၅ ယောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၁၃ ယောက်  စုစုပေါင်း ၃၇ ယောက်ရှိခဲ့ကြောင်းသိရသည်။

 

ထိုယာဉ်မတော်တဆမှုများ‌မှာ အရှိန်ပြင်း၊ အိပ်ငိုက်၊ လမ်းကူးသူ ပေါ့ဆမှု၊ ဆိုင်ကယ်ပေါ့ဆမှုနှင့်  မဆင်မခြင်မောင်းနှင်မှု စုစုပေါင်း ၁၃ မှုနှင့် ဘီးပေါက်မှု ၅ မှုရှိခဲ့ပြီး ဆုံးရှုးမှုတန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် ရှိခဲ့‌ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့်ယာဉ်များကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ  အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

#Local_News #ယာဉ်တိုက်မှုပေါင်း၁၈ ကြိမ် #၁၅ဦးသေဆုံး #YMG/ NN #Yangon-Times