#Local_News
Published-13 February 2024

၁၀လတာအတွင်း တရုတ်နိုင်ငံသို့ မြန်မာ့  တစ်သျှူးငှက်ပျော တန်ချိန် ၄ သိန်းကျော်  တင်ပို့ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလကုန်အထိ ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကနေ တရုတ်နိုင်ငံထံ တစ်သျှူးငှက်ပျောတန်ချိန် ၄၀၂,၁၉၁ နီးပါး တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကုန်တင်ယာဉ် ၁၂၃၄၈ စီးဖြင့် တန်ချိန် ၄၀၂,၁၉၁ တင်ပို့ထားရာယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ လက်တလောတွင်   တရုတ်နိုင်ငံသို့  တစ်သျှူးငှက်ပျောတင်ပို့ရန်  မှတ်ပုံတင်ထားသည့်  ကုမ္ပဏီ ၃၂ ခုရှိနေပြီး ဧက ၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင်  တစ်သျှူးငှက်ပျောကို ပြည်တွင်းစားသုံးမှုမရှိဘဲ ပြည်ပကို တင်ပို့ရောင်းချရန်အတွက်သာ ရည်ရွယ်စိုက်ပျိုးကြပြီးပြည်တွင်း၌ ကြိုက်နှစ်သက်မှုနည်းပါးကြောင်း သိရသည်။

 

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်၌  မိုးမောက်၊ မံစီ၊ ရွှေကူနှင့်  စစ်ကိုင်းတိုင်းဒေသကြီးရှိ  ငါးအိုးမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

 

#Local_News #မြန်မာ့တစ်သျှူးငှက်ပျော #တရုတ်နိုင်ငံသို့တန်ချိန်၄သိန်းကျော်တင်ပို့ #YMG/ NN #Yangon-Times