Published_ 6 February 2024

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး အစဉ်အလာ ကောင်းရှိသည့်နိုင်ငံများဖြစ်တဲ့ အားလျော်စွာ တည်ရှိပြီးချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံရသော ဆော်ဒီ အာရေဗျနိုင်ငံအခြေစိုက် သံအမတ်ကြီးဦးတင်ယုသည် ၎င်း၏သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ကို အိုမန်နိုင်ငံခြားရေးဝန်ကြီး H.E. Sayyid Badr Albusaidi ကိုယ်စား ဒုတိယဝန်ကြီး H.E. Khalifa bin Ali bin Issa Al Harthy ထံသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပေးအပ်စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ ASEAN-GCC မူဘောင်အတွင်းမှ ဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး၌ အပြန်အလှန် ထောက်ခံမှုပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါတယ်။

သံအမတ်ကြီးသည် သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ပေးအပ်ခြင်း မပြုမီ အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဌာန ဒုတိယအကြီးအကဲ H.E. Amb. Dr. Mohamad Ali Albalushi ၊ Asia Office ညွှန်ကြားရေးမှူး Amb. Hamood Nasser Al Nahdi တို့နှင့်တွေ့ဆုံ၍ မြန်မာ-အိုမန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
Ymg_mnn
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group