#Local_News
Published-31 January 2024

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှုခန့်မှန်း ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေ‌ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါပွင့်လင်းရာသီကာလကို ကူးပြောင်းရောက်ရှိလာပြီဖြစ်တဲ့အတွက် အများပြည်သူအနေဖြင့် မီးသတ်တပ်ဖွဲ့၏ မီးသတိမူရေးဆိုင်ရာ နိုးဆော်ခြင်းများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းများကိုလည်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးတိုမှာ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဇန်နဝါရီ ၂၂ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတိုရှိ ခရိုင် (၃၅)ခုမှ မြို့နယ်ပေါင်း (၁၂၅)မြိုနယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၈၅)တို့တွင် အိမ်ခြေပေါင်း ၃၃၆၉၅ လုံး (၃၄၀၀၀ ကျော်)၊ အိမ်ထောင်စု ၄၃၆၉၁ စု(၄၃၀၀၀ ကျော်) လူဦးရေ ၁၂၂၁၇၂ ဦး(၁၂၀၀၀၀ ကျော်တို့အတွက် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေး/ သတိပေးခြင်းများနှင့် အသိပညာပေး ခြင်းများကို သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၉၆၂)ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် (၆၆၇)ဦးတို့သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲများ၊ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီရက်နေ့တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို၏ ဦးဆောင်မှုဖြင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈) (၂၁) (၂၃) (၂၄) (၅၄)ရပ်ကွက်များအတွင်းရှိ အဆင့်မြင့်လူနေအိမ်များ၊ အထပ်မြင့်အိမ်ရာများ၊ လူအများအပြား စုဝေးအပမ်းဖြေရာနေရာများ၊ စီးပွားရေးလုပ်ငန်းများနှင့် ၄မြိုနယ်အတွင်းရှိ စက်မှုဇုန် (၄)ခုရှိ စက်ရုံ/အလုပ်ရုံများကိုလည်း စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့တွင်လည်း နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများစီးဆင်း စုဝေးတည်ရှိရာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးကြီးများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မီးလောင်မှုအကြိမ်ရေ၁၈၀၀ကျော်ခန့် #ကျပ်သန်းပေါင်း၁၈၀၀၀ကျော်ခန့်ရှိခဲ့ #YMG/ NN #Yangon_Times