#Local_News
Published 30 January 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာန လက်အောက်ရှိ အပေါင်ဆိုင်လိုင်စင်များအပါအဝင် လုပ်ငန်းလိုင်စင် ၄၃ခုကို ဈေးပြိုင်လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။

 

အဆိုပါဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည့် လိုင်စင်အမျိုးအစားများမှာ အပေါင်ဆိုင်လိုင်စင်၃၇ခု၊အခွန်ကောက်ခံလုပ်ငန်း လိုင်စင် ၆ ခု စုစုပေါင်း ၄၃ ခု ပါဝင်‌ကြောင်း သိရသည်။

 

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ အနေဖြင့် နေပြည်တော်ဝင်ကြေး ဘီးကောက်လိုင်စင်(တပ်ကုန်း၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ) ၄ ခု၊ တန်ပိုကြေးကောက်ခံခွင့်လိုင်စင်(ဥတ္တရသီရိ) ၁ ခု၊ ဘောဂသီရိအဝေးပြေးယာဉ် ရပ်နားစခန်းယာဉ်ဝင်ကြေးနှင့် သန့်စင်ခန်း၊ ရေချိုးခန်း ဝင်ကြေးကောက်ခံခွင့် လိုင်စင် ၁ ခု၊ မြို့နယ် ၈ မြို့နယ်၏ ပုဂ္ဂလိက အပေါင်ဆိုင်လိုင်စင် ၃၇ ခု တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဈေးပြိုင်စနစ်နှင့် လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနအစည်းအဝေးခန်းမတွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိတ်ပါဝင်စားသည့် တင်ဒါလျှောက်ထားလိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နောက်ဆုံးထားကာ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်ပြီး လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များစသည့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်းအခွန်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

#Local_News #အပေါင်ဆိုင်လိုင်စင် #လုပ်ငန်းလိုင်စင်၄၃ခု #စည်ပင်လေလံတင်ရောင်းချ #YMG/NN #Yangon_Times