Published 28 January 2024

ပုဂံရှေးဟောင်းသု‌တေသနပြတိုက်သို့ ကိုးလတာအတွင်း ပြည်တွင်းပြည်ပခရီးသွား ၈၀၀၀ကျော်ဝင်ရောက်ခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သိရသည်။ထိုသို့ဝင်ရောက်ရာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ဧပြီလမှ ဒီဇင်ဘာလအထိပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ပြည်ပနိုင်ငံသား ၁၂၃ ဦးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဝင်ရောက်ခဲ့သည့်ပြည်တွင်း၊ပြည်ပခရီးသွားများထံမှ ပြတိုက် ဝင်ကြေး(၃၈၅၂၆၀၀၀)ကျပ်ကောက်ခံရရှိထားကြောင်းသိရသည်။

အဆိုပါ ပုဂံရှေးဟောင်းသုတေသန ပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပနေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာခွဲ) ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက် လေ့လာသည့် ဇုန်ဝင်ကြေးကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၁) ရက်မှစတင်ကာ ပြည်ပဧည့်သည်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ၁၀၀၀ ကျပ်သို့ တိုးမြင့်ကောက်ခံနေပြီး ပြတိုက်သို့ (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့ကိုမူအခမဲ့ဝင်ရောက်ခွင့် ပြုပေးထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group