#Local_News
Published 20 January 2024


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာတွင် နေအိမ် မီးလောင်မှုကြောင့် ရက်သားအရွယ် ကလေးငယ်တစ်ဦး​ေ-သဆုံးခဲ့ကြောင်း
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ဇန်နဝါရီ ၂၀ရက် နံနက် ၉ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သတင်းရရှိသဖြင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၉နာရီ ၁၇ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့်၁၅ ပေပတ်လည် သွပ်မိုး၊ ထရံကာ ၁ ထပ် လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ၁၅ ရက်သားအရွယ် ကလေးငယ်(မ)တစ်ဦး မီးလောင်ပြင်တွင် ​ေ-သဆုံးခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

#Local_News #နေအိမ်မီးလောင် #ကလေးငယ်​ေ-သဆုံး #YMG/LW #Yangon_Times