#Local_News
Published_ 19 January 2024


မြန်မာ့ပြောင်းဈေးကွက်ပျောက်နေသည့် ဂျပန်အပါအဝင် ၈ နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့နိုင်ရေး ချိတ်ဆက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လတ်တလောတွင် တင်ပို့မှု ပျောက်ကွယ်နေသည့် ပြည်ပဈေးကွက်များမှာ ဂျပန်၊ ယူအေအီး၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များဖြစ်ကြောင်း သိရသည်။

 

အဆိုပါနိုင်ငံများသို့ ယခင်က မြန်မာ့ပြောင်းဆံ တင်ပို့မှုရှိခဲ့ရာ လက်ရှိတွင်ပြန်လည်တင်ပို့နိုင်ရေးကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသည်နှစ်စဉ် မြန်မာ့ပြောင်းဆံ ဝယ်လိုအားအများဆုံး နိုင်ငံဖြစ်ကာ နှစ်စဉ်ပြောင်းဆံ တန်ချိန် ၂ဒသမ ၆ သန်းအထိ တင်ပို့မှုရှိနေခြင်းဖြစ်ကြောင်း၊ယခုနှစ်အတွင်းမှာလည်း အဓိကဈေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအားများပြားသည့် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများထံ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

#Local_News #ပြောင်းဈေးကွက်ပျောက်နေ #မြန်မာ့ပြောင်းတင်ပို့နိုင်ရေးချိတ်ဆက် #YMG/ NN #Yangon_Times