#Local_News
Published-19 January 2024


သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြားငွေဈေးကွက်သို့ ထိုင်းဘတ် သန်း ၅၀ ယနေ့ ရောင်းချပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

ပြည်တွင်း၌အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် မြန်မာငွေကျပ်နှင့် ထိုင်းငွေဘတ်တို့ကို တိုက်ရိုက်ပေးချေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။

 

ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်မှစတင်၍ တစ်ဘတ်လျှင် ၁၀၀ ကျပ်အောက် ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်အပတ်မှစတင်၍ တစ်ဘတ်လျှင် ၉၉ ဒသမ ၅၀ ကျပ်၌ ငြိမ်လျှက်ရှိသည်။

 

ထို့အပြင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းပေးထားကာ ယနေ့တွင် ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကာယနေ့ တွင် သုံးကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ပြီး သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၄၃ ဒသမ ၉၃ သန်း ရောင်းချပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်ကြောင်း သိရသည်။

 

#Local_News #နိုင်ငံခြားငွေဈေးကွက် #ထိုင်းဘတ်သန်း၅၀ #ဗဟိုဘဏ်ယနေ့ထုတ်ရောင်း #YMG/ NN #Yangon_Times