#Local_News
Published_ 18 January 2024


ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုဇန်နဝါရီ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေးမှာကြားခဲ့ပါတယ်။

 

ဆက်လက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။

 

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)ဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online၊ Offline ဖြင့် ပါဝင်တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါတယ်။

 

#Local_News #ကျောက်ဖြူအထူးစီးပွားရေးဇုန် #ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် #Ymg_mnn #Yangon_Media_Group