#Local_News
Published 17 Jaunary 2024


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ခရေလမ်းခွဲနှင့် ၁၀၆ မှတ်တိုင်ကြားတွင် စက်ရုံဝန်ထမ်းကြို/ပို့ ဖယ်ရီ ဒိုင်နာကားနှင့် ကွန်တင်နာတင်တွဲယာဉ်တို့တိုက်မိသဖြင့် ဖယ်ရီကားပေါ်ပါလာသည့် စက်ရုံဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင်မေတ္တာပရဟိတ အသင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက် နံနက်၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ  ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၁ ဦး၊အမျိုးသမီး၂၁ဦး စုစုပေါင်း ၃၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်ထန်ကြောင်း သိရသည်။

 

"သေဆုံးတာတော့ မရှိဘူး ၃၂ ဦးမှာ တစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အနည်းငယ်စိုးရိမ်ရတဲ့ အနေထားပါ အခုယာဉ်တိုက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက စက်ရုံဝန်ထမ်းတွေမှာ ဖော့ကန်အောင်ဆန်းနားက စက်ရုံလို့သိရပါတယ်"ဟု ကြယ်စင်မေတ္တာ ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ယာဉ်တိုက်မှုတွင် ဖယ်ရီကားမောင်းသူမှာ တိုက်မိသည့်အရှိန်ကြောင့် ယာဉ်အတွင်း ညှပ်မိနေသဖြင့် ကယ်ထုတ်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းမြေပြင်ကူညီပေးခဲ့သည့် ကြယ်စင်မေတ္တာပရဟိတအသင်းထံမှ သိရသည်။

 

#Local_News #စက်ရုံဖယ်ရီကားနှင့်တွဲကားတိုက် #ဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရ #YMG/LW #Yangon_Times