Published_ 13 January 2024

ဂျပန်ရိုးရာအငွေ့အသက်ဖြင့်နှစ်သစ်ကြိုဆိုပွဲနှင့် ဂျပန်မှာပညာတော်သင်‌သွားရောက်လိုသူများအတွက် Study in Japan Fair 2024ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖော‌င်ဒေးရှင်း(ရန်ကုန်)မှသိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နှစ်သစ်တစ်ခုကူးပြောင်းသွားခြင်းကို ကြိုဆိုသည့်အနေဖြင့်ဂျပန်ရိုးရာနှစ်သစ်ကူးချိန် အပြင်အဆင်များနှင့်အတူ ရိုးရာကစားနည်းများ၊ဂျပန်ရိုးရာစာလုံးလှရေးသားခြင်းများ၊အထိမ်းအမှတ်တစ်ခုအဖြစ် အမြတ်တနိုးစားသုံးလေ့ရှိသည့်မိုချိမုန့်ပြုလုပ်ခြင်းကို သရုပ်ဖော်ပြသသွားမည် ဖြစ်သည်။

အဆိုပါ နှစ်သစ်ကူးကြိုဆိုပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဗဟန်းမြို့နယ်၊နတ်မောက်လမ်းသွယ် (၁)လမ်းရှိ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန် )၌ ကျင်းပသွားရန်ရှိပြီး အများပြည်သူပါဝင်ဆင်နွဲနိုင်သည်ဟုဆိုသည်။

ဂျပန်ရိုးရာနှစ်သစ်ကြိုဆိုပွဲ အပြင်ဂျပန်ပညာတော် သင်ဆုရရှိလိုသူများ၊ ဂျပန်တွင်ပညာသွားရောက်သင်ကြားလိုသူများအတွက် Study in Japan Fair 2024 for ASEANကိုအွန်လိုင်းကနေတစ်ဆင့် ကျင်းပသွားမည်ဖြစ်သည်။

Study in Japan Fair 2024 for ASEANတွင် ဂျပန်နိုင်ငံ၏ တက္ကသိုလ်၊ သက်မွေးပညာသင်ကောလိပ်နှင့်ဂျပန်ဘာသာစကားကျောင်းစသည့် ပညာရေးအဖွဲ့အစည်း (44)ခုမှ ပါဝင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

 ဂျပန််တွင်ပညာသင်ကြားလိုသူများ အနေဖြင့် ဇန်နဝါရီလ 26, 27, 28 ရက်များတွင်  မိမိတို့စိတ်ဝင်စားသည့်ကျောင်း၏Zoom Group Consultation ကိုတက်ရောက်ပြီး သက်ဆိုင်ရာကျောင်း၏တာဝန်ရှိသူနှင့် အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ပြီးအ‌သေးစိတ်ကို The Japan Foundation Yangon Pageတွင်  သွား‌ရောက်လေ့လာနိုင်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News