#Local_News
Published 11 January 2024


ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့်  မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်းသိရသည်။

 

ဇန်နဝါရီ ၁၀ရက်က ပြန်ပို့ပေးခြင်းဖြစ်ပြီး ယင်းမြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ  အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်များနှင့်အတူ အလုပ်သမားသံအရာရှိ ဦိးမိုးဇော်မှ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့ကို ရနောင်းမြို့ကနေ စက်လှေနှင့် ကော့သောင်းမြိုကိုပြန်ပို့ခဲ့ခြင်းဖြစ်ပြီး  အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၁၀၅ ဦး ပါဝင်ကြောင်း သိရသည်။

 

ကော့သောင်းမြို့ကို ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးကာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိပါကအသွားအလာစောင့်ကြည့်ရေးစင်တာတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာနိုင်ငံသား၁၂၁ဦး #နေရပ်ပြန်ပို့ #YMG/LW #Yangon_Times