Published_9 January 2023
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက် ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား သံတူဖြင့်ထု၍ ဖြိုချဖျက်ဆီးနေသည့်အပေါ် ကန့်ကွက်ရှုံ့ချမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
 
အဆိုပါ စေတီတစ်ဆူအား သံတူဖြင့်ထု၍ ဖြိုချဖျက်ဆီးနေသည့် ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များ လူမှုကွန်ယက် စာမျက်နှာများပေါ်၌ ပျံ့နှံ့နေသည့်အပေါ် အထက်ပါအတိုင်း ကန့်ကွက်ရှုံ့ချခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်း ကန့်ကွက်ရှုံ့ချပွဲကို ယနေ့ ဇန်နဝါရီလ ၉ ရက်က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)နှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများက နေရာ ၃ နေရာ တွင် လှည့်လည်၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
 
အဆိုပါ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာသည် ဗုဒ္ဓဘာသာဝင်များ အများစု နေထိုင်လျက်ရှိပြီး ကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းလည်း တည်ရှိသည့်ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။
 
ပျံ့နှံ့နေသော ပုံအရ ဖြိုချနေသည်မှာ MNDAA လက်နက်ကိုင်အဖွဲ့ဝတ်စုံဝတ်ထားသူတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
 
MNDAA က အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် MNDAA စစ်ရေးကော်မတီမှ သက်ဆိုင် ရာဌာနကို တာဝန် ပေးထားပြီး တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်း ဖော်ပြပါရှိသည်။
Yangon_Times/PP
#Local_News
#Yangon_Media_Group
#Published_ 10 January 2023 
#YMG_News #Yangon_Times