#Local_News
Published 8 January 2024

 

ဗိုလ်တစ်ထောင်မြို့နယ်ရှိ ကွန်ဒိုတစ်လုံး၌မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။

 

'condo အသစ်ကုန်သည်လမ်းဘက်က အဲ့တိုက်ဘက်ကမီးခိုးတွေတွေ့တယ်၊ ကုန်သည်လမ်းမနဲ့ ၅၁ လမ်းထောင့် ကွန်ဒိုမြေညီထပ်ဆိုင်သစ်မှာလောင်နေတာပါ' ဟု ဒေသခံတစ်ဦးကပြောသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ရက်နေ့၊ မနက် ၁၁နာရီ ၅၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းအကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကို ကျောက်တံတားမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နေ့လယ်၁၂ နာရီ အချိန်၌ မီးထိန်းပြီး ၁၂ နာရီ ၁၄ မိနစ်အချိန်၌ မီးငြိမ်းသွားကြောင်းသိရသည်။

 

ယင်းမီးလောင်မှုမှုဖြစ်စဉ်နှင့်ပတ်သက်၍ဆက်လက်စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

 

#Local_News #ကွန်ဒိုတစ်လုံး #မီးလောင်မှုဖြစ်ပွား #YMG/NN #Yangon_Times