Published_4 January 2024

ရန်ကုန်တိုင်းဒေသကြီးတွင်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်ကျင်းပမည်ဖြစ်ပြီးထိုင်း- မြန်မာ လက်ဝှေ့အားကစားသမားပါဝင် ယှဉ်ပြိုင်ကြကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။

MLWC လွတ်လပ်ရေးနေ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယနေ့ဇန်နဝါရီ(၄)ရက် နေ့လည်၁နာရီတွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ရန်ကုန်၌ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးကိုရိုးရိုးတန်း- အခမဲ့၊ ကြိုးဝိုင်းအနီး ၅၀,၀၀၀ ကျပ်၊၃၀,၀၀၀ ကျပ်ဖြင့် ကြည့်ရူနိုင်သလို Sky Netရုပ်သံလိုင်းမှလည်း ကြည့်ရူနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲတွင်Saw Ba Heinမြန်မာ & A Pyone Thwayမြန်မာ၊ Kyaw Swar Winမြန်မာ&Pong Siriထိုင်း၊ Yar Man မြန်မာ& Warajaklekထိုင်းအစရှိသည့်လက်ဝှေ့ပွဲစဉ်များကိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းလက်ဝှေ့ပွဲအပြင် ရိုးရာလက်ဝှေ့ဆောင်းပါးများကိုနှစ်ပေါင်း၂၀ကျော်တစိုက်မတ်မတ်ရေးလာ​သောဆရာဇင်လင်းထွန်း (ဓနုဖြူ) ၏ မြန်မာ့ရိုးရာလက် ဝှေ့ပွဲတွေ့သတ်ကွက်များစာအုပ်ကို MMAG မှထုတ်ဝေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲတွင် ရောင်းချပေးမည်ဖြစ်သည်။ 

ရိုးရာလက်ဝှေ့ကျော်များဖြစ်သော သမိန်ဗရမ်း၊ ဦးဘိုစိန်၊ သမန်းကျား၊ ဦးဒေါင်းနီ၊ ရွှေဝါထွန်း၊ ရွှေဓူဝံ၊ ဝမ်ချိုင်း၊ ရွှေဆိုင်း၊ လုံးချော၊ စောငမန်း၊ ကြယ်လင်းအောင်၊ တွေ့မရှောင်၊ တူးတူး၊ထွန်းထွန်းမင်း၊ ရန်ကြီးအောင်၊ ဝင်းထွန်း၊ ဖိုးကေနှင့် စိုးလင်းဦးတို့ပုံမျက်နှာဖုံးဖြင့်စာမျက်နှာ ၁၉၂ မျက်နှာ၊ ပွဲတွေ့သတ်ကွက်ဓါတ်ပုံပေါင်း ၆၈ ပုံပါဝင်မည်ဖြစ်သည်။ 

မဂ္ဂဇင်းဆိုက်ဖြစ်ပြီး စာအုပ်၏ ကုန်ကျစရိတ်သာဖြစ်သော ရောင်းစျေးကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု သိရသည်။
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News