Published_ 03 January 2024

မကွေးတိုင်းဒေသကြီး အတွင်း ရှိ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ များနှင့် ဖွင့်လှစ်ထားသည့်ဟိုတယ် တည်းခိုရိပ်သာ နှင့် စားသောက်ဆိုင် များ စာရင်း ကို ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာနကနေ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်သည့် စာရင်း တွင် ခရီးစဉ် ဒေသ ၁၃ ခုနှင့် ဟိုတယ် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတို့ကို ဇန်န၀ါရီလ ၂ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် မကွေးတိုင်း အတွင်းလည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ၁၃ခု မှာ မကွေးမြသလွန်စေတီ ၊ မကွေးကမ်းနားလမ်း ၊ စက္ကိန်းတဲဘုရားနဲ့နဂါးပွတ်တောင် ၊ မင်းလှခံတပ် ၊ ကွေ့ချောင်းခံတပ် ၊ဗိဿနိုး မြို့ဟောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ၊ ဝက်သည်းကန် ၊ ဆားလယ်ဒေသ ၊ စလေရုပ်စုံကျောင်း ၊ ပခုက္ကူမြို့ပေါ်ဘုရားများ ၊ ပခန်းကြီးမြို့ဟောင်း စသည့် နေရာ များ ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတွင် မကွေးမြို့ ၊ နတ်မောက်မြို့ ၊ မင်းဘူးမြို့ ၊ မင်းလှမြို့ ၊ အောင်လံမြို့ ၊ ပွင့်ဖြူမြို့ ၊ စလင်းမြို့ ၊ တောင်တွင်းကြီးမြို့ ၊ ရေနံချောင်းမြို့ ၊ ချောက်မြို့ ၊ ပခုက္ကူမြို့ နဲ့ ဂန့်ဂေါမြို့ များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ စာရင်းတို့ ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#Yangon_Times #YMG_News #Yangon_Media_Group